မူဝါဒ

မီးဖွားခွင့်ဆိုသည်မှာကိုယ်ဝန်ဆောင်မိခင်များ  ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန် နှင့် ကလေးမွေးဖွားပြီး ကလေးအားပြုစုချိန်များတွင် အလုပ်မှ ခေတ္တခဏအနားယူခြင်းဖြစ်ပါသည်။

မီးဖွားခွင့်ဆိုင်ရာ အချက်အလက်များ

မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေလက်အောက်တွင်အလုပ်လုပ်ကိုင်သောအမျိုးသမီးဝန်ထမ်းများသည်မီးဖွားခွင့် ၁၄ပတ်ရရှိပါသည်။  သို့သော်လည်း ရိုးမလုပ်ငန်းစုမှ အမျိုးသမီးဝန်ထမ်းများအတွက် အထူးမွေးဖွားခွင့်အားထားရှိပေးထားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးဝန်ထမ်းတစ်ဦးသည် မီးဖွားခွင့် ၂ဝပတ် အားလစာအပြည့်ဖြင့်ခွင့်ရယူနိုင်ပါသည်။

ဤနေရာကိုနှိပ်၍ Yoma Connect ပေါ်ရှိမီးဖွားခွင့်အပြည့်အစုံကိုဖတ်ရန်

မီးဖွားခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

  • ဝန်ထမ်းသည် မီးဖွားခွင့်ယူရန် ခွင့်ယူရက်မတိုင်မှီ ၃လ ကြိုတင် အကြောင်းကြားရမည်။
  • ဝန်ထမ်းသည် မီးဖွားခွင့်အား မန်နေဂျာဖြင့်ဆွေးနွေးတိုင်ပင်၍ Yoma Connect App တွင်ခွင့်တင်ရမည်။
  • ဝန်ထမ်းသည် မီးဖွားခွင့်အား မီးမဖွားခင် ၆ပတ်အလိုမှစတင်၍ရယူနိုင်သည်။
  • ဝန်ထမ်းသည် မီးဖွားခွင့်မယူမှီ အလုပ်တာဝန်များအား သေချာစွာလွှဲပြောင်းပေးရမည်။

ဖခင် ခွင့်နှင့်သက်ဆိုင်သော သတင်းအချက်အလက်များ

အမျိုးသားဝန်ထမ်းများသည် ၎င်းတို့၏ ကလေးမွေးဖွားပြီး (၃) လအတွင်း လစာပြည့်ခွင့်ရက် စုစုပေါင်း (၁၅) ရက် ခံစားခွင့်ရှိပါသည်။ ထို ၁၅ ရက်သည် ဆက်တိုက်ယူစရာမလိုဘဲ တစ်နှစ်လုံး ခွဲယူနိုင်ပါသည်။ ဖခင်ခွင့်လျှောက်ထားသော ဝန်ထမ်းများသည် Yoma Connect App မှတစ်ဆင့် ခွင့်တိုင် ကြားသည့်အခါ ကလေး၏ မွေးစာရင်းကိုပါ ပေးပို့ရပါမည်။

ဤနေရာကိုနှိပ်၍ Yoma Connect ပေါ်ရှိ ဖခင်ခွင့်အပြည့်အစုံကိုဖတ်ရန်

ကိုယ်ဝန်မဆောင်မီ ကူညီထောက်ပံ့မှု

ရိုးမလုပ်ငန်းစုသည် How She Did it အဖွဲ့အစည်း နှင့်မိတ်ဖက်ထားပါသည်။ ၎င်း အဖွဲ့အစည်းသည် မိသားစုကိုပြုစုစောင့်ရှောက်ရန် လုပ်ငန်းခွင်မှ ခေတ္တထွက်ခွာ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လိုသော အမျိုးသမီးများအား ကူညီပေးသည့် အဖွဲ့ဖြစ်ပါသည်။ How she did it သည် အိမ်ထောင်တည်စအချိန်တွင် အမျိုးသမီးများရင်ဆိုင်ကြုံတွေ့ရသော ကလေးပြုစု စောင့်ရှောက်မှုအပါအဝင် ငွေကြေးအခက်အခဲနှင့် အလုပ်အကိုင်ပေါ် သက်ရောက်မှုများကို နားလည်သဘောပေါက်ပါသည်။ How She Did It သည် မြန်မာ့ယဉ်ကျေးမှု အလေ့အထနှင့် မြန်မာအမျိုးသမီးတို့၏ စိန်ခေါ်မှုများကို နားလည်သော မြန်မာကုမ္ပဏီတစ်ခုဖြစ်ပြီး အမျိုးသမီးများမှ ဦးဆောင်လုပ်ကိုင်လျက်ရှိပါသည်။

မိသားစုဘဝတစ်ခုအစပြုရန်ရည်မှန်းထားသော ဝန်ထမ်းများအား How She Did It မှ ဆွေးနွေးတိုင်ပင်ပေးသည့်သည့် ဝန်ဆောင်မှုကို တစ်ကြိမ် ပြုလုပ်ပေးမည်ဖြစ်ပြီး ထိုဝန်ဆောင်မှုသည် အမျိုးသမီးဝန်ထမ်း၊ အမျိုးသားဝန်ထမ်း နှင့် ၎င်းတို့၏ သက်ဆိုင်ရာဇနီး ၊ခင်ပွန်းတို့အတွက် အကျုံးဝင်ပါသည်။ လက်ထပ်ပြီးစ ဇနီးမောင်နှံစုံတွဲတိုင်းအား ဒေါ်လာ ၅၀ တန် ဘောက်ချာ လက်ဆောင် ပေးမည်ဖြစ်ပြီး ထိုဘောက်ချာဖြင့် တစ်နှစ်အတွင်း How she did it မှ ပညာပေးသည့် ဝန်ဆောင်မှုတစ်ကြိမ်ကို တစ်နှစ်အတွင်းရယူနိုင်ပါသည်။

အကယ်၍ သင်သည် မိသားစုတစ်ခုကို စတင်ရန် စဉ်းစားထားပါက ဒေါ်လာ ၅၀ တန် အခမဲ့ ဆွေးနွေးအကြံပေးသည့် ဝန်ဆောင်မှုကို ရယူနိုင်ရန် AskHR@yoma.com.mm ထံ အီးမေးလ်ပေးပို့၍လည်းကောင်း၊ Yoma Connect App မှတစ်ဆင့် AskHR ထံ မက်ဆေ့ချ်ပေးပို့၍လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးချိန် ပေးသော အထောက်အပံ့

How She Did It သည် ရိုးမအုပ်စုစု၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားပြီးနောက် လိုအပ်သည့် ဆွေးနွေးပညာပေးခြင်းအပြင် အခြားကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ဆက်သွယ်ပေးသည့် အဖွဲ့အစည်းတစ်ခုတစ်ခုဖြစ်ပါသည်။ ကိုယ်ဝန်စရှိချိန်တွင် HR ကို အကြောင်းကြားမှသာ How She Did it မှ ကောင်းမွန်စွာ အကြံဉာဏ်ပေးနိုင်မည့်သူနှင့် ဆက်သွယ်နိုင်ရန် HR မှ စီစဉ်ပေးမှာဖြစ်ပါသည်။ သင့်အနေဖြင့် ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီးနောက်ပိုင်း ထောက်ပံရေး အစီအစဉ် ၄ ပိုင်းတွင် ပါဝင်နိုင်မှာဖြစ်ပါသည်။ ဤအစီအစဉ်သည် ရိုးမရှိ ကိုယ်ဝန်ဆောင် ဝန်ထမ်းများအားလုံးအတွက် အကျုံးဝင်ပါသည်။

အပိုင်း ၄ ပိုင်းပါ ကိုယ်ဝန်ဆောင်နှင့်မီးဖွားပြီးချိန် အထောက်အပံ့

အပိုင်း ၁ – ကိုယ်ဝန်ဆောင်ခြင်း (သာယာသော ကိုယ်ဝန်ဆောင်ချိန် အစီအစဉ်)

ကိုယ်၀န်ဆောင်ချိန်ကာလတလျှောက် ပညာရေးနှင့်စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများကို သာယာသော ကိုယ်ဝန်ဆောင်ချိန် အစီအစဉ်မှတစ်ဆင့် အပတ်စဉ်ရရှိမည်ဖြစ်သည်။

အပိုင်း ၂ – လုပ်ငန်းခွင်မှ ခေတ္တအနားယူခြင်း (မိခင်များ တိုးတက်လာရေး အစီအစဉ်)

အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ခြင်းသည် အလုပ်အကိုင်၊ ခေါင်းဆောင်မှု နှင့် စီးပွားရေးပြေလည်မှု များပေါ်တွင် ထိရောက်မှုရှိနိုင်ကြောင်းကို နားလည်ထားရန် အရေးကြီးပါသည်။ လုပ်ငန်းခွင်မှ ခေတ္တအနားယူရန်အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်မှုနှင့်အတူ မိသားစုနှင့် လုပ်ငန်းခွင်တို့၏ ထောက်ပံ့များစွာကို လိုအပ်ပါသည်။

မိခင်များ တိုးတက်လာရေး အစီအစဉ်မှတစ်ဆင့် အမျိုးသမီးဝန်ထမ်းများသည် ကလေးသူငယ်ဘဝဖွံ့ဖြိုးတိုးတက်မှု၊ မိခင် ကျန်းမာရေးနှင့် စိတ်ချမ်းမြေ့ပျော်ရွှင်မှုဆိုင်ရာ လက်တွေ့အသိပညာများလည်း ရရှိမှာဖြစ်ပါသည်။ အဆိုပါအစီအစဉ်တွင် အောက်ပါတို့ပါဝင်ပါသည်။

အပိုင်း ၃ – လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခြင်း (အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှု အစီအစဉ်)

ရှည်လျားသောမီးဖွားခွင့်ယူပြီး အလုပ်ခွင်သို့ပြန်လာရာတွင် စိန်ခေါ်မှုများ ရှိနိုင်ပါသည်။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှု အစီအစဉ်မှ လုပ်ငန်းခွင်ကျွမ်းကျင်မှု ကွာဟချက်အားဖြည့်ဆည်းပေးခြင် ၊ အလုပ် ခွင်နှင့်ပြန်လည်ချိတ်ဆက်စေခြင်း နှင့် အလုပ်လုပ်နေသောမိခင်တစ်ယောက်အနေဖြင့် အလုပ်ခွင်သို့ ပြန်လာရန် လိုအပ်သည့် ပြင်ဆင်မှုများအကြောင်းကို သင်ယူနိုင်မှာဖြစ်ပါသည်။

အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုအစီအစဉ်မှ အောက်ပါအကြောင်းအရာများကို လမ်းညွှန်ပေးသွားမှာဖြစ်ပါသည်။

အပိုင်း ၄ – အလုပ်နှင့် ဘဝပေါင်းစည်းမှု (အလုပ်နှင့်ဘဝ ပေါင်းစည်းမှုအတွက် လိုအပ်သည့် ကျွမ်းကျင်မှု ၆ ခု )

အလုပ်နှင့် မိသားစုဘဝကို ပိုင်ဆိုင်ထားသော မိခင်လောင်းများအတွက် ဦးစားပေးရသည့်အရာများမှာ မိသားစု တစ်စုနှင့်တစ်စု မတူနိုင်ပါ။ မိမိကလေး၏ အသက်အရွယ် နှင့် လိုအပ်ချက်များပေါ်မူတည်ပြီး လစဉ် ဦးစားပေးအရာများမှာ ကွဲပြားနိုင်ပါ သည်။ ထို့ကြောင့် အလုပ်လုပ်နေသော မိဘတစ်ဦး အနေဖြင့် မိမိ ၏ဘဝအရည်အသွေးအား တိုးတက်အောင် လုပ်ဆောင်ရန်မှာ အရေးကြီးပါသည်။

အလုပ်နှင့်ဘဝ ပေါင်းစည်းမှု ကျွမ်းကျင်မှုအတွက် လိုအပ်သည့် ကျွမ်းကျင်မှု ၆ ခုသည် သင်၏မိသားစုဘဝတွင်သာမက အလုပ်ခွင်အတွက်ပါ အသုံးဝင်သော လက်တွေ့အတက်ပညာများကို သင်ယူနိုင်မှာဖြစ်ပါသည်။ ဤအစီစဉ်တွင် အောက်ဖော်ပြပါ အကြောင်းအရာများကို သင်ကြားပေးသွားပါမည်။

ဘဏ္ဍာရေး အထောက်အပံ့

ရိုးမလုပ်ငန်းစုသည် လစာပြည့် မီးဖွားခွင့် ရက်သတ္တပါတ် ၂၀ အပြင် ဘဏ္ဍာငွေထောက်ပံ့မှုကိုလည်း ထပ်ဆောင်း ပေးအပ်သွားမည်ဖြစ်ပါသည်။ အမျိုးသမီးဝန်ထမ်းများအနေဖြင့် မီးဖွားစရိတ်အတွက် ကျပ်ငွေ ၇၀၀,၀၀၀ (ကျပ် ခုနှစ်သိန်း) အထိကို အမှန်တကယ်ကုန်ကျစရိတ်အား (၃) လအတွင်း ပြေစာနှင့်အတူ ပြန်လည်တောင်းခံနိုင်ပါသည်။

ကုန်ကျစရိတ်ကို ပြန်လည်တောင်းခံခြင်း

သားဖွားစရိတ်ကို ဆေးကုသမှု ကုန်ကျစရိတ်လျှောက်လွှာဖောင်အား ဖြည့်စွက်ပြီးတောင်းခံနိုင်ပါ သည်။ Medical Claim Form အဆိုပါလျှောက်လွှာဖောင်ကို Yoma Connect တွင် ရယူနိုင်ပြီး တောင်းခံငွေကို HR ဌာန မှစိစစ်ပီး ငွေစာရင်းဌာန မှ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

ဝန်ထမ်းများအတွက် ဝန်ဆောင်မှုများ

ရိုးမလုပ်ငန်းစုသည် ဝန်ထမ်းများအတွက် ငွေကြေးထောက်ပံ့ခြင်းတို့အပြင် ဝန်ထမ်းများအား ဘေးကင်လုံခြုံပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ရရှိနေသည်ဟု ခံစားမိနိုင်စေရန် အခြားဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်ပေးပါသည်။

နို့တိုက်မိခင်များအတွက် ထောက်ပံ့ပေးခြင်း

ရိုးမလုပ်ငန်းစုသည် နို့တိုက်မိခင်များအတွက် လုံခြုံ၍ သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပါသည်။ စီစဉ်ထားရှိသော အသုံးအဆောင်နှင့် မိခင်နို့သိမ်းဆည်းခန်းများကို အမျိုးသမီးများသည် ခွင့်ပြုချက်ယူရန်မလို အချိန်မရွေး လိုအပ်သလို လွတ်လပ်စွာအသုံးပြုနိုင်သည်။ မန်နေဂျာများကိုလည်း နို့တိုက်မိခင် ဝန်ထမ်းများအတွက်လိုအပ်သည့်အချိန်ကို ခွင့်ပြုပေးခြင်းဖြင့် အားပေးကူညီရန် အသိပေးထားပြီးဖြစ်ပါသည်။