နိဒါန်း

ရိုးမလုပ်ငန်းစုသည် ၎င်း၏ ဝန်ထမ်းများအတွက် အလုပ်ခွင်တွင် တန်ဖိုးထားခံရကာ အားပေးထောက်ခံမှုအပြည့်ရရှိပြီး ကြံ့ကြံ့ခံနိုင်၍ တက်ကြွသော လုပ်ငန်းခွင်ဖြစ်လာအောင်ဖန်တီးပေးရန်အမြဲရည်ရွယ်လျှက်ရှိပါသည်။ မိသားစုဘဝတစ်ခုထူထောင်ရန် ပြင်ဆင်နေသောဝန်ထမ်းများအတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူကောင်းများပေးနိုင်ရန် ရည်ရွယ်လျက် ရိုးမလုပ်ငန်းစုမှ အနာဂတ်ဟူသောအစီအစဉ်ကို ရေးဆွဲဖန်တီးပေးထားပါသည်။

ရိုးမလုပ်ငန်းစုသည် အလုပ်ခွင်ထဲရှိအမျိုးသမီးဝန်ထမ်းများ မိသားစုဘဝတစ်ခုစတင်ရန်ပြင်ဆင်နေချိန်တွင်အထောက်အပံ့ကောင်းများပိုမိုလိုအပ်သည်ကိုနားလည်သဘောပေါက်ထားပါသည်။ ထိုကဲ့သို့သောထောက်ပံ့မှုများအား လုပ်ငန်းစုအတွင်းမှ ဝန်ထမ်းတိုင်းရရှိနိုင်ရန်မူဝါဒများနှင့် ပံ့ပိုးမှုအစီအစဉ်များကို အနာဂတ်အစီအစဉ်မှာထည့်သွင်းရေးဆွဲပေးထားပါသည်။

“မိသားစုဘဝတစ်ခုထူထောင်ခြင်းသည် ရိုးမလုပ်ငန်းစုတွင်လုပ်ငန်းအောင်မြင်မှုရရှိစေရန် အတားအဆီးတစ်ခုမဖြစ်သင့်ပါ ”

နိဒါန်း

ရိုးမလုပ်ငန်းစုသည် ၎င်း၏ ဝန်ထမ်းများအတွက် အလုပ်ခွင်တွင် တန်ဖိုးထားခံရကာ အားပေးထောက်ခံမှုအပြည့်ရရှိပြီး ကြံ့ကြံ့ခံနိုင်၍ တက်ကြွသော လုပ်ငန်းခွင်ဖြစ်လာအောင်ဖန်တီးပေးရန်အမြဲရည်ရွယ်လျှက်ရှိပါသည်။ မိသားစုဘဝတစ်ခုထူထောင်ရန် ပြင်ဆင်နေသောဝန်ထမ်းများအတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူကောင်းများပေးနိုင်ရန် ရည်ရွယ်လျက် ရိုးမလုပ်ငန်းစုမှ အနာဂတ်ဟူသောအစီအစဉ်ကို ရေးဆွဲဖန်တီးပေးထားပါသည်။

ရိုးမလုပ်ငန်းစုသည် အလုပ်ခွင်ထဲရှိအမျိုးသမီးဝန်ထမ်းများ မိသားစုဘဝတစ်ခုစတင်ရန်ပြင်ဆင်နေချိန်တွင် အထောက်အပံ့ကောင်းများ ပိုမိုလိုအပ်သည်ကိုနားလည်သဘောပေါက်ထားပါသည်။ ထိုကဲ့သို့သောထောက်ပံ့မှုများအား လုပ်ငန်းစုအတွင်းမှ ဝန်ထမ်းတိုင်းရရှိနိုင်ရန်မှုဝါဒများနှင့် ပံ့ပိုးမှုအစီအစဉ်များကို အနာဂတ်အစီအစဉ်မှာထည့်သွင်းရေးဆွဲပေးထားပါသည်။

“မိသားစုဘဝတစ်ခုထူထောင်ခြင်းသည် ရိုးမလုပ်ငန်းစုတွင်လုပ်ငန်းအောင်မြင်မှုရရှိစေရန် အတားအဆီးတစ်ခုမဖြစ်သင့်ပါ ”

အနာဂတ် အစီအစဉ်ဆိုတာ

အနာဂတ် အစီအစဉ်၏ ရည်ရွယ်ချက်သည် ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ငွေကြေးပိုင်းဆိုင်ရာကောင်းမွန်မှုကို အာရုံစိုက်ရန်ဖြစ်သည်။ အနာဂတ်အစီအစဉ်တွင် မူဝါဒပိုင်းဆိုင်ရာ ၊ ငွေကြေးထောက်ပံ့ကူညီမှုနှင့် ဝန်ထမ်းများအတွက်ဝန်ဆောင်မှုများဟူ၍ အပိုင်းများပါဝင်ပါသည်။

မူဝါဒ

မီးဖွားခွင့် ရက်သတ္တပါတ် ၂၀ အထိ ခွင့် ယူခွင့်ပေးခြင်း

ငွေကြေး ထောက်ပံ့ကူညီမှု

ရိုးမလုပ်ငန်းစုမှ မီးဖွား စရိတ်အတွက် ကျပ်ငွေ(၇) သိန်းအထိ ထောက်ပံ့မှုပေးခြင်း

ဝန်ထမ်းများအတွက် ဝန်ဆောင်မှုများ

နို့ချိုတိုက်ကျွေးချင်သောမိခင်များအတွက် လုပ်ငန်းခွင်တွင်နို့ရည်ညှစ်၍ သိမ်ဆည်းနိုင်သောအခန်းထားရှိပေးထားခြင်း

ကျွန်ုပ်တို့၏ အနာဂတ်အစီအစဉ်သံတမံများ

မိသားစုတစ်ခု ထူထောင်လိုက်ခြင်းကြောင် သင့်အလုပ်အကိုင် အောင်မြင်မှုကို ရပ်တန့်သွားခြင်းမျိုး မဖြစ်သင့်ပါ။ ရိုးမလုပ်ငန်းစုတွင် စီနီယာအမျိုးသမီး ခေါင်းဆောင်အများစုသည် မိခင်များဖြစ်ကြသည်ကိုကြည့်ခြင်းဖြင့် သင်လည်းမိသားစုတစ်ဖက်ဖြင့် အလုပ်အကိုင်တွင်လည်း အောင်မြင်နိုင်ကြောင်း သက်သေပြနေပါသည်။ ဤသို့ဖြစ်လာရန်မှာ ခက်ခဲသော်လည်း မဖြစ်လာနိုင်သော အရာမဟုတ်ပါ။

အေးမြတ်မော်

Executive Director
YKKO

ကေဇာမျိုးဟိန်း @ ကေတီဟိန်း

GM (Marketing & Carshare)
Yoma Financial Services

ပွင့်သော်ဒါမောင် @ အိုင်လင်းပွင့်

Chief Financial Officer
Yoma Financial Services

အမေးအဖြေကဏ္ဍ

သားဖွားစရိတ်ကို Yoma Connect ရှိ လျှောက်လွှာဖောင်ကဏ္ဍအောက်ရှိ ဆေးကုသမှု ကုန်ကျစရိတ် ဖြည့်စွက်၍ ငွေလက်ခံဖြတ်ပိုင်းများနှင့်အတူ ကလေးမွေးဖွားပြီး (၃)လအတွင်း တောင်းခံနိုင်ပါသည်။ ကုမ္ပဏီသည် မီးဖွားစရိတ်ကို ကျပ်ငွေ ၇၀၀,၀၀၀ အထိ ကျခံပေးမှာဖြစ်ပြီး တောင်းခံငွေကို HR ဌာနမှစိစစ်ပီး ငွေစာရင်းဌာန မှ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။