နိဒါန်း
ရိုးမလုပ်ငန်းစုသည် ၎င်း၏ ဝန်ထမ်းများအတွက် အလုပ်ခွင်တွင် တန်ဖိုးထားခံရကာ အားပေးထောက်ခံမှုအပြည့်ရရှိပြီး ကြံ့ကြံ့ခံနိုင်၍ တက်ကြွသော လုပ်ငန်းခွင်ဖြစ်လာအောင်ဖန်တီးပေးရန်အမြဲရည်ရွယ်လျှက်ရှိပါသည်။ မိသားစုဘဝတစ်ခုထူထောင်ရန် ပြင်ဆင်နေသောဝန်ထမ်းများအတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူကောင်းများပေးနိုင်ရန် ရည်ရွယ်လျက် ရိုးမလုပ်ငန်းစုမှ အနာဂတ်ဟူသောအစီအစဉ်ကို ရေးဆွဲဖန်တီးပေးထားပါသည်။
ရိုးမလုပ်ငန်းစုသည် အလုပ်ခွင်ထဲရှိအမျိုးသမီးဝန်ထမ်းများ မိသားစုဘဝတစ်ခုစတင်ရန်ပြင်ဆင်နေချိန်တွင်အထောက်အပံ့ကောင်းများပိုမိုလိုအပ်သည်ကိုနားလည်သဘောပေါက်ထားပါသည်။ ထိုကဲ့သို့သောထောက်ပံ့မှုများအား လုပ်ငန်းစုအတွင်းမှ ဝန်ထမ်းတိုင်းရရှိနိုင်ရန်မူဝါဒများနှင့် ပံ့ပိုးမှုအစီအစဉ်များကို အနာဂတ်အစီအစဉ်မှာထည့်သွင်းရေးဆွဲပေးထားပါသည်။
“မိသားစုဘဝတစ်ခုထူထောင်ခြင်းသည် ရိုးမလုပ်ငန်းစုတွင်လုပ်ငန်းအောင်မြင်မှုရရှိစေရန် အတားအဆီးတစ်ခုမဖြစ်သင့်ပါ ”
နိဒါန်း
ရိုးမလုပ်ငန်းစုသည် ၎င်း၏ ဝန်ထမ်းများအတွက် အလုပ်ခွင်တွင် တန်ဖိုးထားခံရကာ အားပေးထောက်ခံမှုအပြည့်ရရှိပြီး ကြံ့ကြံ့ခံနိုင်၍ တက်ကြွသော လုပ်ငန်းခွင်ဖြစ်လာအောင်ဖန်တီးပေးရန်အမြဲရည်ရွယ်လျှက်ရှိပါသည်။ မိသားစုဘဝတစ်ခုထူထောင်ရန် ပြင်ဆင်နေသောဝန်ထမ်းများအတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူကောင်းများပေးနိုင်ရန် ရည်ရွယ်လျက် ရိုးမလုပ်ငန်းစုမှ အနာဂတ်ဟူသောအစီအစဉ်ကို ရေးဆွဲဖန်တီးပေးထားပါသည်။
ရိုးမလုပ်ငန်းစုသည် အလုပ်ခွင်ထဲရှိအမျိုးသမီးဝန်ထမ်းများ မိသားစုဘဝတစ်ခုစတင်ရန်ပြင်ဆင်နေချိန်တွင် အထောက်အပံ့ကောင်းများ ပိုမိုလိုအပ်သည်ကိုနားလည်သဘောပေါက်ထားပါသည်။ ထိုကဲ့သို့သောထောက်ပံ့မှုများအား လုပ်ငန်းစုအတွင်းမှ ဝန်ထမ်းတိုင်းရရှိနိုင်ရန်မှုဝါဒများနှင့် ပံ့ပိုးမှုအစီအစဉ်များကို အနာဂတ်အစီအစဉ်မှာထည့်သွင်းရေးဆွဲပေးထားပါသည်။
“မိသားစုဘဝတစ်ခုထူထောင်ခြင်းသည် ရိုးမလုပ်ငန်းစုတွင်လုပ်ငန်းအောင်မြင်မှုရရှိစေရန် အတားအဆီးတစ်ခုမဖြစ်သင့်ပါ ”
အနာဂတ် အစီအစဉ်ဆိုတာ
အနာဂတ် အစီအစဉ်၏ ရည်ရွယ်ချက်သည် ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ငွေကြေးပိုင်းဆိုင်ရာကောင်းမွန်မှုကို အာရုံစိုက်ရန်ဖြစ်သည်။ အနာဂတ်အစီအစဉ်တွင် မူဝါဒပိုင်းဆိုင်ရာ ၊ ငွေကြေးထောက်ပံ့ကူညီမှုနှင့် ဝန်ထမ်းများအတွက်ဝန်ဆောင်မှုများဟူ၍ အပိုင်းများပါဝင်ပါသည်။
ငွေကြေး ထောက်ပံ့ကူညီမှု
ဝန်ထမ်းများအတွက် ဝန်ဆောင်မှုများ
ကျွန်ုပ်တို့၏ အနာဂတ်အစီအစဉ်သံတမံများ
အေးမြတ်မော်
ကေဇာမျိုးဟိန်း @ ကေတီဟိန်း
ပွင့်သော်ဒါမောင် @ အိုင်လင်းပွင့်
အမေးအဖြေကဏ္ဍ
အနာဂတ်အစီအစဉ်မှာ မည်သူတွေ ပါဝင်နိုင်ပါသနည်း
မြန်မာနိုင်ငံအခြေစိုက် ရိုးမလုပ်ငန်းစုမှ အမျိုးသမီး၊ အမျိုးသား ၀န်ထမ်းများအားလုံး နှင့်အိမ်ထောင်ရေးအခြေအနေမည်သို့ပင်ဖြစ်စေကာမူ အနာဂတ်အစီအစဉ်တွင်ပါ၀င်ခွင့်ရှိပါသည်။ ဒီအစီအစဉ်၏ အချို့အခန်းကဏ္ဍများသည် အမျိုးသမီးဝန်ထမ်းများအတွက်သာရည်ရွယ်ပါသည်။
ကုမ္ပဏီထံမှ မီးဖွားစရိတ်ကို မည်သို့ပြန်လည် တောင်းခံနိုင်ပါသနည်း
သားဖွားစရိတ်ကို Yoma Connect ရှိ လျှောက်လွှာဖောင်ကဏ္ဍအောက်ရှိ ဆေးကုသမှု ကုန်ကျစရိတ် ဖြည့်စွက်၍ ငွေလက်ခံဖြတ်ပိုင်းများနှင့်အတူ ကလေးမွေးဖွားပြီး (၃)လအတွင်း တောင်းခံနိုင်ပါသည်။ ကုမ္ပဏီသည် မီးဖွားစရိတ်ကို ကျပ်ငွေ ၇၀၀,၀၀၀ အထိ ကျခံပေးမှာဖြစ်ပြီး တောင်းခံငွေကို HR ဌာနမှစိစစ်ပီး ငွေစာရင်းဌာန မှ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။